+95.9797284528 info@dcumyanmar.com

ကျောင်းသားများတစ်နေ့တာ

ကျောင်းသားများ၏ တစ်နေ့တာသည် ကျယ်ပြန့်လှသော တက္ကသိုလ် ပရဝုဏ်တွင် အဆောင်မှ စာသင်ခန်း၊ စာသင်ခန်းတစ်ခုမှ တစ်ခု ပြေးလွှားရင်း သက်ဝင် လှုပ်ရှားလျက်ရှိပါသည်။ စာသင်ချိန်မှာ နံနက် (၇)နာရီမှ (၁၀)နာရီ၊ နေ့ခင်း (၁)နာရီမှ (၅)နာရီအထိ ဖြစ်ပြီး နေ့စဉ် ညနေ (၆)နာရီမှ (၇)နာရီအထိသည် ဘုရားရှိခိုး၊ တရားမှတ်ချိန် ဖြစ်ပါသည်။ နံနက် (၅:၃၀)နာရီသည် နံနက်စာ စားချိန်ဖြစ်ပြီး၊  နံနက် (၁၀:၃၀)သည် နေ့ဆွမ်းစားချိန် ဖြစ်ပါသည်။ ဘုရားရှိခိုးပြီးနောက်ပိုင်း အချိန်သည် အချို့ကျောင်းသားများအတွက် စာလေ့လာချိန်၊ အချို့အတွက် ဆွေးနွေးပွဲများ၊ အပတ်စဉ် ကျောင်းသား စာတမ်းဖတ်ပွဲများ စသည်တို့ကို ပြုလုပ်နိုင်သော အချိန် ဖြစ်ပါသည်။