စာရေး၊ စာချ၊ တရားဟော၊ တရားပြ- ဓမ္မဒူတ
ဌာနများ
- ဝိနယဌာန
- သုတ္တန္တဌာန
- အဘိဓမ္မာဌာန
- ကမ္မဋ္ဌာနဘာ၀နာဌာန
- ဗုဒ္ဓဘာသာ ဒဿနိကဌာန
- ပါဠိစာပေဌာန
- ဗုဒ္ဓဘာသာသမိုင်းနှင့် ယဉ်ကျေးမှုဌာန
သုသေသနဌာန
ဤတက္ကသိုလ်ကြီး၏ အရေးကြီးသော ဌာနတစ်ခု ဖြစ်သော သုသေသနဌာနသည် ဗုဒ္ဓစာပေနယ်ပယ်တွင် လိုအပ်လျက်ရှိသော လေ့လာဖွယ်ရာများကို ဦးစားပေး ဆောင်ရွက်သွားရန် ဖြစ်ပါသည်။ သုသေသန စာတမ်းများ ထုတ်ဝေခြင်း၊ သုသေသနလုပ်ငန်းများအတွက် ပညာရှင်များ ဖိတ်ခေါ်ကာ ပူးပေါင်း ဆောင်ရွက်ခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ကွန်ပျူတာဌာန
ယခုနှစ်တွင် ကျောင်းသား (၂၀)ရှိကာ တက္ကသိုလ်ကျောင်းသား များအတွက် လိုအပ်သော ကွန်ပျူတာ အသုံးပြုမှုကို သင်ကြားပေးရန်၊ သီးသန့်သင်တန်းသား များကို သင်တန်းပေးရန်နှင့် တက္ကသိုလ်ကျောင်းသားများ၏ နည်းပညာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။
ဘာသာစကားဌာန
ယခုနှစ်တွင် English Level I & II နှင့် The Training of the Trainers Program (TOT) တို့ကို ပို့ချလျက်ရှိပါသည်။ ကျောင်းသားများ၏ ဘာသာစကား လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ဖြစ်ပါသည်။
စာကြည့်တိုက်
တက္ကသိုလ် စာကြည့်တိုက်သည် ထောင်ပေါင်းများစွာသော ပါဠိစာပေးကျမ်းစာများ၊ ပါဠိမြန်မာနိဿယ ကျမ်းစားများ၊ မြန်မာပြန်ကျမ်းစာများ၊ အင်္ဂလိပ်ဘာသာပြန် များနှင့် အထွေထွေကျမ်းစာများကို စုဆောင်းထားရှိပြီး ဖြစ်ပါသည်။ ယခုအခါ ပါဠိစာပေ၊ ဗုဒ္ဓစာပေဆိုင်ရာ ကျမ်းများ၊ ဗုဒ္ဓသမိုင်း၊ ဗုဒ္ဓဘာသာ ဒဿနိကကျမ်း စသည်တို့ကို ဖြည့်ဆည်းရန် ပြင်ဆင်လျက် ရှိပါသည်။