ဝင်ခွင့်လျှောက်ထားလွှာများ Download ရယူရန်
အောက်ပါတို့ကို ရှေးဦးစွာ ဖတ်ရှုလေ့လာပါ
M.A. နှင့် Ph.D. Degree အတွက် သင်တန်းတက်ရောက်ခွင့် လျှောက်လွှာများ ခေါ်ယူခြင်း
ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ်
မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်
ပါရဂူတန်းနှင့် မဟာဝိဇ္ဇာတန်းများအတွက်
သင်တန်းတက်ရောက်ခွင့် လျှောက်လွှာများခေါ်ယူခြင်း
ဓမ္မဒူတ ဆေကိန္ဒ တက္ကသိုလ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် ပါရဂူတန်းနှင့် မဟာဝိဇ္ဇာတန်းများကို စတင်လက်ခံ သင်ကြားပေးတော့မည် ဖြစ်ပါသည်။
၁။ သင်တန်းကာလ
မဟာဝိဇ္ဇာတန်းအတွက် ပညာသင်နှစ် ၂-နှစ်
ပါရဂူတန်းအတွက် ပညာသင်နှစ် ၃-နှစ်
၂။ အရည်အချင်းသတ်မှတ်ချက်
မဟာဝိဇ္ဇာတန်းတွင် တက်ရောက်သင်ကြားလိုသော ရဟန်းတော်များသည်
(က) အသက် ၄၀-နှစ်အောက်ဖြစ်ရမည်။
(ခ) သာသနဓဇဓမ္မာစရိယဘွဲ့ ရရှိပြီးဖြစ်ရမည် (သို့မဟုတ်) တက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု ရရှိထားပြီး အနည်းဆုံး ပဌမကြီးတန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
(ဂ) ရရှိထားသော ဘွဲ့လက်မှတ်များမိတ္တူ၊ လက်ရှိနေထိုင်နေသော ကျောင်းထိုင်ဆရာတော်၏ထောက်ခံစာနှင့် သာသနာဝင်မှတ်တမ်းမိတ္တူတို့ကို တင်ပြပေးနိုင်ရမည်။
(ဃ) ကျန်းမာရေး ကောင်းမွန်ရမည်။
(င) ဝင်ခွင့်စာမေးပွဲ ဖြေဆို အောင်မြင်ရမည်။
မှတ်ချက် – ဝင်ခွင့်စာမေးပွဲကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့ စစ်မေးခြင်းများ ပါဝင်သည်။
(စ) ဝင်ခွင့်ရရှိလျှင် တက္ကသိုလ်အဆောင်တွင်သာ နေထိုင်ပြီး သင်တန်းတက်ရောက်ရမည်။
(ဆ) တက္ကသိုလ်က ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်နိုင်ရမည်။
ပါရဂူတန်းတွင် တက်ရောက်သင်ကြားလိုသော ရဟန်းတော်များသည်
(က) အသက် ၅၀-နှစ်အောက်ဖြစ်ရမည်။
(ခ) မဟာဝိဇ္ဇာဘွဲ့လက်မှတ်မူရင်း၊ မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သော တက္ကသိုလ်၏ ထောက်ခံစာနှင့် အမှတ်စာရင်း၊ လက်ရှိနေထိုင်နေသော ကျောင်းထိုင်ဆရာတော်၏ ထောက်ခံစာနှင့် သာသနာဝင်မှတ်တမ်းမိတ္တူတို့ကို တင်ပြပေးနိုင်ရမည်။
(ဂ) ကျန်းမာရေး ကောင်းမွန်ရမည်။
(ဃ) ဝင်ခွင့်စာမေးပွဲ ဖြေဆို အောင်မြင်ရမည်။
မှတ်ချက် – ဝင်ခွင့်စာမေးပွဲကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမည်ဖြစ်ပြီး လူတွေ့ စစ်မေးခြင်းများ ပါဝင်သည်။
(င) ဝင်ခွင့်ရရှိလျှင် တက္ကသိုလ်အဆောင်တွင် နေထိုင်ပြီး တစ်နှစ်သင်တန်း(Course Work)တက်ရောက်ရမည်။
(စ) တက္ကသိုလ်က ချမှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာနေထိုင်နိုင်ရမည်။
၃။ ဝင်ခွင့်စာမေးပွဲအတွက် လျှောက်လွှာတင်သွင်းခြင်း
(က) လျှောက်လွှာများကို တက္ကသိုလ်၏ တရားဝင်ဝက်ဆိုဒ် www.dcumyanmar.com မှ ရယူနိုင်ပြီး ၁၃၈၅-ခုနှစ်၊ ပထမဝါဆိုလဆန်း(၉)ရက်၊ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆-ရက် တနင်္လာနေ့ နောက်ဆုံးထား၍ registrar@dcumyanmar.com သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
(ခ) လျှောက်လွှာတွင် ပါဝင်သော အချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်တင်ပြနိုင်မှသာ ဝင်ခွင့်စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခွင့်ပြုပါမည်။
(ဂ) သတ်မှတ်ရက်ထက် ကျော်လွန်၍ ရောက်ရှိလာသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ပါ။
(ဃ) ဝင်ခွင့် စာမေးပွဲ ဖြေဆိုခွင့်ရ/မရကို အီးမေးလ်ဖြင့် အကြောင်းပြန်ကြားပေးပါမည်။
(င) ဝင်ခွင့်စာမေးပွဲ ကျင်းပမည့် နေ့ရက် – ၁/၂ ရက်၊ ဇူလိုင်လ၊ ၂၀၂၃-ခုနှစ်။ ၁၃၈၅-ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၄/၁၅၊ စနေ/တနင်္ဂနွေနေ့။
(စ) တက္ကသိုလ်စတင်ဖွင့်လှစ်မည့်ရက် – ၃-ရက်၊ သြဂုတ်လ၊ ၂၀၂၃-ခုနှစ်။ ၁၃၈၅-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၂)ရက်၊ ကြာသပတေးနေ့။
(ဆ) ဆက်သွယ်စုံစမ်းရန် တယ်လီဖုန်းများ – ၀၉၇၉၇၂၈၄၅၂၈, ၀၉၇၉၉၅၄၁၂၁၃
လျှောက်လွှာများ Download ပြုလုပ်ရန်
*** ဖြည့်စွက်ပြီးသော လျှောက်လွှာများကို ပြန်လည်ပေးပို့ရာတွင် ဖုန်းဖြင့် အလွယ်တကူ ဓါတ်ပုံရိုက်၍ ပေးပို့ခြင်းမပြုရ။ ဖြည့်စွက်ထားသော လျှောက်လွှာအား ညီညာစွာ Scanner ဖြင့် ဖတ်ပြီးမှ ပြန်လည်ပေးပို့ရပါမည်။ ဖုန်းဖြင့်ဓါတ်ပုံရိုက်၍ ပေးပို့လာသော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ ***